ထန်တလန်တမြို့လုံး နီးပါး စစ်ဘေးရှောင်

ရေးသားခဲ့သည်။

စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချင်းပြည်နယ် ထန်တလန် မြို့မှာ လူနေအိမ်ခြေ ၁၀လုံးထက် မနည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဲဒီမှာ ထန်တလန် ရာပြည့်နှစ်ချင်း ခရစ်ယာန် အသင်းက သင်းအုပ် ဆရာတော် တစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။

ထန်တလန်မှာ နေထိုင်ကြတဲ့ လူတွေကလည်း စစ်ပွဲတွေကနေ ရှောင်တိမ်းပြေးနေရပါပြီ။ လူဉီးရေ ၈၀၀၀ကျော် ရှိတဲ့ မြို့မှာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၅၀ လောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ အဲဒီက အခြေအနေတွေ သိရအောင်လို့ ထန်တလန်မြို့ကနေ စစ်ရှောင် ထွက်ခွာလာတဲ့ ချင်းနှစ်ခြင်း ခရစ်ယာန် အသင်းတော်က သင်းအုပ် ဆရာတော် ထာန်းမိန် ကို ဘီဘီစီ သတင်းထောက် မအိမ့်ခိုင်ဉီးက ဆက်သွယ်မေးမြန်းထားပါတယ်။