ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးမှာ ပေါက်ကွဲမှုတွေဖြစ်
ရေးသားခဲ့သည်။
မန္တလေးမြို့ပေါ်အပါအဝင် မြေလတ်ဒေသတွေမှာ ဒီကနေ့တော့ ဗုံးပေါက်ကွဲတာတွေ၊ အိမ်တွေမီးလောင်တာတွေက ဆက်ဖြစ်နေတုန်းပါ။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိသလို၊ သေဆုံးမှုတွေလည်းရှိနေပါတယ်။
ဂန့်ဂေါ-ကလေး ကားလမ်းဘေးက နှမ်းခါးရွာမှာလည်း ရက်ပိုင်းအတွင်း ၂ ခါဆက်တိုက် မီးရှို့ခံရတဲ့ဖြစ်စဉ်ဒီကနေ့ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ဘီဘီစီသတင်းထောက် ကိုဟိန်းကိုစိုးကပြောပြမှာပါ။