စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၁ဝဝဝ ကျော် သေဆုံး

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တာ စက်တင်ဘာ ၁ ရက် ဆိုရင် ၇ လပြည့်ခဲ့ပါပြီ။

အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အရပ်သား ၁၀၀၀ ကျော် သေဆုံးခဲ့သလို နိုင်ငံ့ခေါင်းဆောင်တွေအပါအ၀င် ပြည်သူ ၆ဝဝဝ ကျော် အဖမ်းခံထားရဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြတာတွေ ဒီကနေ့အထိ ဆက်ရှိနေသလို အာဏာပိုင်တွေဘက်ကလည်း ဖမ်းဆီးဖိနှိပ်တာတွေ ဆက်လုပ်နေပါတယ်။

စက်တင်ဘာ ၁ ရက် နိုင်ငံတဝန်း ထူးခြားဖြစ်စဉ်တွေကိုတော့ ဘီဘီစီသတင်းထောက် မနှင်းမိုက စုစည်းပြောပြပေးမှာပါ။