ထောင်ဝင်စာသွားတွေ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးရဲ့ ဇနီး အဖမ်းခံရ

ရေးသားခဲ့သည်။

စစ်အာဏာသိမ်းတာ ရက်ပေါင်း ၂ဝဝ ကျော်လာချိန်အထိ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုတွေ၊ ပစ်ခတ်မှုတွေကတော့ နိုင်ငံတဝန်း ဆက်ရှိနေပါတယ်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို ထောင်ဝင်စာသွားတွေ့တဲ့ ဇနီးဖြစ်သူ သြဂုတ်လ ၂၅ ရက်နေ့မှာ အဖမ်းခံခဲ့ရသလို ညအချိန် နေအိမ်တွေထဲထိ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်ဘက်မှာတော့ ထန်တလန်မြို့မှာ ၁ဝ နှစ်အရွယ် ကလေး ကျဉ်ထိမှန် သေဆုံးခဲ့ပြီး တီးတိန်မြို့မှာလည်း ဘဏ်လုံခြုံရေးအစောင့်ရဲ သုံးဦး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပြည့်အစုံကိုတော့ မအိမ့်ခိုင်ဦးက ဆက်ပြောပြပေးမှာပါ။