အာဖဂန်ထဲက မပြေးနိုင်သူတွေ အနာဂတ်အတွက် စိုးရိမ်နေကြ

ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်က ကဘူးလ်မြို့တော် တာလီဘန် လက်ကို ကျခဲ့တာဟာ သီတင်းတပတ်ရှိလာပြီ ဖြစ်ပေမယ့် လေဆိပ်မှာတော့ အခြေအနေတွေက ရုတ်ရုတ်သဲသဲ ဖြစ်နေဆဲ ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ကြ ခတ်ကြ ဖြစ်ခဲ့ရာမှာလည်း လူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရခဲ့ကြပါတယ်။ တာလီဘန်ဘက်က အနောက်အုပ်စုရဲ့ တပ်ဖွဲ့တွေ ရုပ်သိမ်းရမယ့် နောက်ဆုံး အချိန်ကို သက်တမ်း တိုးပေးမှာ မဟုတ်ဘူးလို့ သတိပေးထာပါတယ်။ အာဖဂန်ထဲကနေ လူထောင်ပေါင်းများစွာ ထွက်ပြေးဖို့ ကြိုးစားနေကြသလို ဆက်ပြီး နေမယ့် လူတွေအဖို့မှာလည်း သူတို့ အနာဂတ်အတွက် စိုးရိမ်နေကြပါတယ်။

အထူးသဖြင့်ကတော့ အမျိုးသမီးတွေနဲ့ မိန်းကလေး တွေဖြစ်ကြပါတယ်။ ဘီဘီစီ သတင်းထောက် ဆီကွန်ဒါ ကာမာနီရဲ့သတင်းကို ကိုထက်အောင်က ပြောပြမှာပါ။ ဒီသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။