တာလီဘန်တွေ ထိန်းချုပ်တဲ့ ဒေသထဲက ဘီဘီစီရဲ့ အထူးသတင်း

ရေးသားခဲ့သည်။

အဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ဟာ ဒုတိယမြို့တော်ဖြစ်တဲ့ ကန်ဒါဟာကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မြို့တော် ကဘူးလ်နားကိုလည်း တဖြည်းဖြည်းနဲ့ ချည်းကပ်လာခဲ့ပြီဖြစ်ပါတယ်။ ကန်ဒန်ဟာ မြို့ဟာ ၁၉၉၀ လောက်က တာလီဘန်တို့ရဲ့ထိန်းချုပ်မှုအောက်မှုရှိခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဗြိတိန်နဲ့ အမေရိကန်တို့ကလည်း အာဖဂန်မှာရှိတဲ့သူတို့နိုင်ငံသားတွေကို ကယ်တင်ဖို့ ဆိုပြီး တပ်ဖွဲ့ဝင် ၃ထောင်ကျော်ကို စေလွှတ်လိုက်ပါတယ်။ အာဖဂန်မှာရှိတဲ့ ဘီဘီစီ သတင်းထောက် စကွန်ဒါ ခါမာနီဟာ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ သတင်းယူခွင့်ရခဲ့ပါတယ်။ အဲဒီကနေပေးပို့လိုက်တဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောက်အယှက်ဖြစ်စရာပုံရိပ်တွေပါဝင်နိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။