ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒို ကိုဗစ်ကူးစက်မှု သင်္ချိုင်း ၇ခု အသစ်ဆောက်
ရေးသားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုတွေမြင့်မားနေပြီး၊ ဒယ်တာ ဗိုင်းရပ်စ်မျိုးကွဲကြောင့် ကူးစက်ခံရသူအရေအတွက်ဟာ အိန္ဒိယ၊ ဘရာဇီးတို့ထက် ပိုများနေပြီဖြစ်ပါတယ်။ မနေ့တုန်းကတစ်ရက်ထဲ လူ ၅ သောင်းနီးပါး ဗိုင်းရပ်စ်ကူးခံခဲရ့ပြီး ၁၈၀၀ကျော်သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် အစိုးရထုတ်တဲ့ စာရင်းဇယားဟာ ပြည်နယ်တချို့က သေဆုံးသူတွေမပါဘူးဆိုပြီး ဝေဖန်ခံနေရပါတယ်။
ဘီဘီစီ အင်ဒိုနီးရှားဌာနက ဘယ်ဒရာ ဘာရာပူထရီက အိမ်မှာနေရင်း သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေသယ်ပေးနေသူတွေနောက်လိုက်ပြီး သတင်းယူခဲ့ပါတယ်။ မသီရိဇော်က ပြန်ပြောပြပေးမှာပါ။