ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်းကင်း ပီဒီဖက်ဖ် ၅၀ ကျော် ဖမ်းဆီးခံရ
ရေးသားခဲ့သည်။
မင်းကင်းမှာပျူစောထီးအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ် PDF တို့အကြားမနေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့အပြီး PDF အဖွဲ့ဝင်အတော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။ ပီဒီဖက်ဖ် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုတွေရှိခဲ့ပေမယ့် သေဆုံးသူ အရေအတွက်အတိအကျကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး မင်းကင်းဒေသ အနီးက ကျေးရွာတွေမှာလည်း စစ်ဆေးဖမ်းဆီးတာတွေကို စစ်ကောင်စီဘက်က ဆက်လုပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုဟိန်းကိုစိုးက ပြောပြမှာပါ။