ဖမ်းဆီးထားသူ တချို့ကို ကိုဗစ်ဆေး ထိုးပေးကြောင်း စစ်ကောင်စီထုတ်ပြန်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၂၄ နာရီအတွင်းမှာ ကိုဗစ် အတည်ပြုလူနာ ၄၉၈၀ ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တခါ စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံက လက်ခံရရှိထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပေးဖို့ စီစဥ်နေကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင်ရန်ကုန်နဲ့ နေပြည်တော်မှာရှိတဲ့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုလည်း ကာကွယ်ဆေး ထိုးပေးခဲ့တယ်လို့ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြဝတီသတင်းဌာနနဲ့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ စစ်ကောင်စီက ကာကွယ်ဆေး ထိုးပေးခဲ့သူ တွေထဲမှာ လူသိများ ထင်ရှားတဲ့ နိုင်ငံရေး သမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ မအိမ့်ခိုင်ဉီးကဆက်ပြီးပြောပြပေးမှာပါ။