၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်မှုအပေါ် ပါတီတွေရဲ့ အမြင်

ရေးသားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်တယ်လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအပေါ် ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက ကျေနပ်မှုမရှိသလို၊ ဝေဖန်ပြောဆိုကြတာမျိုးလည်းရှိနေပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲပြောဆိုခံနေရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အနာဂတ်ကလည်း ဘယ်လိုဆက်ဖြစ်လာနိုင်ပါသလဲ သတင်းအပြည့်အစုံကို ကိုဟိန်းကိုစိုးကပြောပြမှာပါ။