တရုတ်ကိုဗစ်ဆေး ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ထိုးပေး

ရေးသားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဒေသတွေမှာလည်း ကိုဗစ် တတိယလှိုင်းဒဏ်ကို ခံစားနေရပြီး လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ကိုဗစ် ကာကွယ်ဆေးထိုးပေးတဲ့လုပ်ငန်းကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်ကြတာမျိုးတွေ ရှိပါတယ်။

ရှမ်းပြည်နယ်မှာတော့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA ကလည်း တရုတ်နိုင်ငံက Convidecia ကာကွယ်ဆေး စတင်ထိုးနှံပေးနေပါတယ်။

ဒီဆေးက WHO အသိအမှတ်ပြုမှု မရသေးပေမယ့် တရုတ်နိုင်ငံတွင်းနဲ့ နိုင်ငံတချို့မှာ စတင်အသုံးပြုနေပါတယ်။

ဒီကာကွယ်ဆေးထိုးနေမှု အခြေအနေကို SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန် ကို မအိမ့်ခိုင်ဉီးက မေးမြန်းထားပါတယ်။