ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုလအကူအညီတွေရောက်နေတဲ့ မင်းတပ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်
ရေးသားခဲ့သည်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအဖွဲ့ UNHCR အကူအညီတွေ ရောက်ရှိနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ ဇူလိုင်လ ၂၁ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းမှုတွေကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရသလို မိုးရာသီတွင်း ဖြစ်လေ့ရှိတဲ့ရောဂါတွေကြောင့် စစ်ရှောင်ဒုက္ခသည်တချို့ သေဆုံးမှုတွေ ရှိတယ်လို့လည်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဒီအကြောင်းအပါအဝင် နိုင်ငံတဝန်း အခြေအနေကို မအိမ့်ခိုင်ဦးက စုစည်းပြောပြပေးမှာပါ။