ကနီမြို့နယ်ထဲမှာ အသတ်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ ပြောပြချက်များ

ရေးသားခဲ့သည်။

ကနီမြို့နယ်၊ ယင်းရွာနဲ့ ကုန်းသာရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်(၉) ရက်နဲ့(၁၀) ရက်နေ့တွေက တောထဲမှာ ထွက်ပြေးပုန်းရှောင်နေတဲ့ စစ်ဘေးရှောင် မိသားစုတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီးတဲ့နောက် အမျိုးသား(၁၅) ယောက် ဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရတာကို ရွာသားတွေ ပြန်တွေ့ခဲ့ရပါတယ်။ စစ်သားတွေရဲ့ လုယက်မှုအပါအဝင် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။

မိသားစုဝင်ကိုယ်တိုင်တွေက သူတို့ ကြုံခဲ့ရတဲ့ စစ်ကောင်စီတပ်တွေရဲ့ လုပ်ရပ်တွေကို ပြောပြထားပါတယ်။