ကိုဗစ်ကုသရေး ပရဟိတ ဆရာဝန်တချို့ ဖမ်းဆီးခံရ

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ဆက်လက်မြင့်မားနေဆဲ ဖြစ်ပြီး တဘက်မှာလည်း ပရဟိတ အသင်းအဖွဲ့တွေ စေတနာ့ဝန်ထမ်းတွေက ပြည်သူလူထုကို တတ်နိုင်သမျှ ကူညီပေးနေကြပါတယ်။

ကိုဗစ်ကူးစက်မှုမြင့်နေတဲ့ ရန်ကုန်တိုင်းထဲက မြောက်ဒဂုံမြို့နယ်မှာတော့ ဒီနေ့ ကိုဗစ်ကာကွယ်ရေးပြည်သူ့အကျိုးပြု ရုံးစီးနင်းခံရ ပြီး ပရဟိတဆရာဝန် (၅)ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီအကြောင်းအပါအဝင် နိုင်ငံတဝန်းက ကိုဗစ်ဖြစ်ပွားမှု အခြေအနေတွေကို ဘီဘီစီသတင်းထောက် မနှင်းမိုက ပြောပြပေးမှာပါ။