ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် လူနာကို အောက်ဆီဂျင် စနစ်တကျ ဘယ်လိုပေးမလဲ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံမှာ ကူးစက်မြန် ဒယ်လ်တာကိုဗစ်ပိုးကြောင့် ကိုဗစ်လူနာတွေ တနေ့ထက်တနေ့ များလာနေပြီး အရေးပေါ် ဆေးရုံဆေးခန်းတွေလည်း မသွားနိုင်ကြတဲ့အတွက် အသက်ရှုကြပ်တဲ့ ကိုဗစ်လူနာကို ကိုယ့်အိမ်မှာပဲကိုယ် အောက်ဆီဂျင်ပေး ကုနေကြရပါတယ်။ ဒီတော့ ကိုဗစ်လူနာတွေကို အိမ်မှာ အောက်ဆီဂျင်ပေး ကုရာမှာ ဘာတွေကိုသတိထား လုပ်ဆောင်သင့်ပါလဲ။ ယူကေနိုင်ငံက အဆုတ် အထူးကု သမားတော်ကြီး ဒေါက်တာ မြတ်မာတင်ကို မသီဒါနွယ်က မေးမြန်းထားပါတယ်။