ကိုဗစ်ကြားက စစ်အာဏာသိမ်း ဆန့်ကျင်ရေး

ရေးသားခဲ့သည်။

ကိုဗစ်ကူးစက်မှုတွေမြင့်တက်နေတဲ့ကြားကပဲ နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်တွေဆက်ရှိနေပါတယ်။ ရန်ကုန်မှာလည်း ဒီကနေ့ အာဇာနည်နေ့အကြို သပိတ်စစ်ကြောင်း ဖြိုခွဲခံရလို့ ဖမ်းဆီး ခံရတာလည်းရှိပါတယ်။ တခါ ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး ဒေသခံ ကာကွယ်ရေးတပ် PDF တွေရဲ့ တိုက်ပွဲတွေက နှစ်ရက်ရှိနေပါပြီ။ ဒီအကြောင်းအပါအဝင် နိုင်ငံတဝန်းက အခြေအနေကို မအိမ့်ခိုင်ဦးကပြောပြမှာပါ။