ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကလေးမြို့က ကိုဗစ် အခြေအနေ
ရေးသားခဲ့သည်။
ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၆၂ဝဝ နီးပါး ရှိပြီး သေဆုံးသူ ၁၉ဝ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဒဏ်ကို အစောဆုံး သိသိသာသာခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း ဗိုင်းရပ်စ် ကူးစက်မှုတွေက လျော့ကျသွားခြင်းမရှိသေးပါဘူး။ ကိုဗစ်ကြောင့် လူပေါင်း ရာနဲ့ချီသေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့တဲ့ကလေးမြို့က အခြေအနေတွေကို ကိုဘိုဘိုက ပြောပြပေးမှာပါ။