ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကိုဗစ် အခက်အခဲ
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတော့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ လူအား၊ ငွေအား စတဲ့ အရင်းအမြစ်နည်းပေမယ့် နိုင်နင်းစွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် တင်းကျပ်တဲ့ လော့ဒ်ဒေါင်းတွေချမှတ်ခဲ့ပြီးနောက်မှာတော့ လူတွေရဲ့ ကပ်ရောဂါအပေါ် သည်းခံနိုင်မှုတွေကျဆင်းလာခဲ့ပါတယ်။ အခုဆိုရင် အစိုးရ အသီးသီးရဲ့ ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဥ်တွေကလည်း ကြန့်ကြာမှုတွေရှိနေပါပြီ။ အင်ဒိုနီးရှား နိုင်ငံမှာ ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်လည် မြင့်မားလာလို့ အောက်ဆီဂျင် လိုအပ်ချက်တွေ များပြားလာတဲ့ အတွက် နိုင်ငံတကာကို အကူအညီတောင်းခံနေရပါတယ်။ အရှေ့တောင် အာရှရေးရာ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟဒ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။