ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်မှုအခြေအနေ
ရေးသားခဲ့သည်။
ကိုဗစ်ကူးစက်မှုတွေရှိနေတဲ့ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို ဇူလိုင်လ ၈ ရက်နေ့က စတင်ပြီး လော့ခ်ဒေါင်းချလိုက်ပြီး ထောင်တွင်းတရားစီရင်မှုတွေ၊ ထောင်ဝင်စာတွေ့ခွင့်တွေကို ယာယီရပ်ဆိုင်းထားလိုက်ပါပြီ။
လောလောဆယ် အင်းစိန်ထောင်ထဲမှာ ကိုဗစ် ကူးစက်ပိုးတွေ့ရှိသူ ၄၀ လောက် ရှိတယ်လို့ အာဏာပိုင်တွေဘက်က ပြောသလို ကိုဗစ် ကူးစက်ခံထားရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့က ဘီဘီစီကို အတည်ပြုပြောဆိုထားပါတယ်။
အင်းစိန်အကျဉ်းထောင်တွင်း ကိုဗစ်ကူးစက်မှုအခြေအနေအကြောင်းဘီဘီစီသတင်းထောက် မဝင်းစန္ဒာဦးက ပြောပြမှာပါ။