ကိုနေသန်မောင်ရဲ့ စစ်ကြောရေး အတွေ့အကြုံများ

ရေးသားခဲ့သည်။

ကမာရွတ်မီဒီယာတည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုနေသန်မောင်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးမှု ခံခဲ့ရစဉ်မှာ ကိုယ်ထိလက်ရောက် ညှင်းပမ်း နှိပ်စက်တာတွေ တွေ့ကြုံခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်သူ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့ သတင်းစာဆရာ ကိုဟန်သာငြိမ်းကို စစ်ကောင်စီက မတ်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး (ဆူပူအောင်လှုံ့ဆော်မှု ၅၀၅က အပါအဝင်အမှုတချို့နဲ့တရားစွဲကာ) ကိုနေသန်မောင်ကိုတော့ ဇွန် ၁၄ ရက်မှာ အမှုတွေ ရုပ်သိမ်းပြီး အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးကာ ချက်ချင်းပဲ အမေရိကန်ကို ပြန်ပို့ခဲ့ပါတယ်။

စစ်ကြောရေးရောက်ခဲ့တဲ့ သူ့အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ကိုနေသန်မောင်ကို မညိုလဲ့ရည်က မေးမြန်းထားပါတယ်။