ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးမှာ အရပ်သားတချို့ စစ်တပ်ပစ်ခတ်ခံရ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံတွင်း ဒေသတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်ရှိနေသလို မန္တလေးမြို့မှာတော့ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ကျည်ထိမှန်ခဲ့ပြီး ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီကို သတင်းပေးသူလို့ စွပ်စွဲခံရသူတချို့ လုပ်ကြံသတ်ဖြတ်ခံရတာတွေလည်း ရှိနေပါတယ်။
နိုင်ငံတဝန်း ဒီကနေ့ ထူးခြားဖြစ်စဉ်တွေကိုတော့ ဘီဘီစီ သတင်းထောက် မဝင်းစန္ဒာဦးက ပြောပြပေးမှာပါ။