မုံရွာ လယ်ဇင်ရွာမှာ စစ်ကောင်စီအဖွဲ့ရဲ့ ရိုက်နှက်မှုကြောင့် လူသေဆုံး

ရေးသားခဲ့သည်။

ဇွန်လ ၂၁ရက်နေ့က မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာထဲကို စာသင်ကျောင်းမီးလောင်မှုကြောင့်လို့ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး ရွာသားတွေကို ရိုက်နှက်ပြီး လူ ၆ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးဖြစ်တဲ့ ကိုဇေယျာလင်းကတော့ သေဆုံးသွားပြီး နောက်နေ့ကျမှ မိသားစုကို အလောင်းယူဖို့ ပြောလာပါတယ်။ အဲဒီဖြစ်စဉ်ကို ကိုဇေယျာလင်းရဲ့ မိသားစုဝင်တွေက ပြောပြထားပါတယ်။

တခါ လယ်ဇင်ကျေးရွာသားတွေဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်မှုကိုလည်း ခံခဲ့ရပြီး အဲဒီထဲက ရွာသားတစ်ဦးကလည်း သူ့ရဲ့ အတွေ့အကြုံကို ပြန်ပြောပြထားပါတယ်။ ဒီဗီဒီယိုမှာ စိတ်အနှောက်အယှက်ဖြစ်စရာ မြင်ကွင်းတွေပါတယ်ဆိုတာ ကြိုအသိပေးအပ်ပါတယ်။