ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အမှု - တရားလိုပြသက်သေတွေ စစ်ဆေး

ရေးသားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဇွန်လ ၂၁ ရက်နေ့က လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး နှစ်ဦးပေါင်း အမှု ၄ မှု အတွက် တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့ပါတယ်။

ဒီထဲမှာ အာဏာသိမ်းတဲ့နေ့က အတိုင်ပင်ခံရဲ့အိမ်ကို ဝင်ရောက်ရာမှာပါတဲ့ တပ်မတော်အရာရှိတစ်ဦးလည်း ပါဝင်ပါတယ်။

ဒီကနေ့ရုံးချိန်းနဲ့ပတ်သက်ပြီး ဘီဘီစီသတင်းထောက် ကိုနန္ဒက ပြောပြပေးမှာပါ။