ဒေါ်အောင်ဆန်းစုကြည် အမှု ကြားနာမှု စတင်

ရေးသားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စွဲတင်ထားတဲ့ အမှုတွေအတွက် တရားခွင်ကြားနာ စစ်ဆေးမှုတွေကို ဒီကနေ့ ဇွန် ၁၅ ရက်နေ့ရုံးချိန်းမှာစတင်စစ်ဆေးခဲ့ပါတယ်။ စွဲဆိုထားတဲ့ အမှု ၆ခုအနက် ဘယ်အမှုတွေကို စတင်စစ်ဆေးခဲ့တာပါလဲ၊ ဒီကနေ့ တရားခွင်စစ်ဆေးမှုအခြေအနေ တွေက ဘယ်လိုရှိခဲ့ပါသလဲ အကြောင်းစုံကိုတော့ ဘီဘီစီသတင်းထောက်မဝင်းစန္ဒာဦးက စုစည်းပြောပြပေးမှာပါ။