ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို အရေးယူနိုင်မယ့် အလားအလာ
ြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖိနှိပ်တဲ့မှတ်တမ်းတွေကို ကမ္ဘာက တုန်လှုပ် ခြောက်ခြားစွာ တွေ့မြင်ခဲ့ရ ပါတယ်။ စစ်တပ်နဲ့ ရဲတို့ရဲ့ စစ်ပွဲအတွင်း အသုံးပြုတဲ့ လက်နက်တွေနဲ့ ဖိနှိပ်ဖြိုခွဲမှုကြောင့် ဆန္ဒပြသူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။ သေဆုံးခဲ့သူတွေထဲက တချို့ဟာ အချုပ်ထဲမှာ ရိုက်နှက်နှိပ်စက်ခံရလို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ စစ်တပ်နဲ့ ရဲတို့ရဲ့ အကြမ်းဖက်မှုအတော်များများကို စမတ်ဖုန်းတွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပေမယ့် ဒီလိုကျူးလွန်မှုတွေကို နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူနိုင်မလား ဆိုတဲ့မေးခွန်းတွေလည်းရှိပါတယ်။ ဒီလိုအရေးယူဖို့က ထင်သလောက် မရိုးရှင်းပါဘူး။ ဘာကြောင့်ပါလဲ။ ဘီဘီစီရဲ့ အရှေ့တောင် အာရှရေးရာ အယ်ဒီတာ ဂျိနသန်ဟဒ် ရှင်းပြထားတာကို တင်ဆက်ပေးလိုက်ပါတယ်။