စစ်ခေါင်းဆောင်ကိုလာတွေ့တဲ့ အာဆီယံ

ရေးသားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး အိုင်ဝန် ပီနင်ယူဆွတ်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင် တို့ဟာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေဆုံခဲ့ကြပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အာဆီယံသံတမန်တွေ မြန်မာနိုင်ငံကို ပထမဆုံး ရောက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လူမူရေး အကူအညီပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် အာဆီယံအနေနဲ့ ဘက်ပေါင်းစုံနဲ့တွေ့ဆုံဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အမျိုးသား ညီညွတ်ရေး အစိုးရ က ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်း ကိုနန္ဒက ပြောပြပေးမှာပါ။