ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူ
ရေးသားခဲ့သည်။
မေလ၂၈ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ- ဂျပန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်း လက်ရွေးစင် ဂိုးသမား ကိုပြည့်သျှံအောင်က ပွဲမစမီ ကွင်းအတွင်း အာဏာရှင်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ဆန္ဒပြခဲ့ပါတယ်။ အဲဒီနေ့ ပွဲမှာသူဟာ အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံတော် သီချင်း သီဆိုချိန်မှာ ကွင်းဘေးကနေ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်တစ်သင်းလုံးမှာ ကိုပြည့်သျှံအောင်တစ်ဦးတည်း ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် ဒီလို လုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာဆိုတာကို ကိုပြည့်သျှံအောင်ကို ဘီဘီစီက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။