NUG ရဲ့ ထုတ်ပြန်ချက် ရိုဟင်ဂျာအဖွဲ့ကြိုဆို

ရေးသားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ က ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒ သဘောထားကို ထုတ်ပြန်လိုက်ပါတယ် ပြည်ထောင်စုတွေနေထိုင်ကြသူတွေဟာ လူ့အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရှိစေရမယ် ဆိုတာအပါအဝင် လူမျိုးအလိုက်ခံစားခွင့် နိုင်ငံသားအခွင့်အရေးခံစားခွင့်စတာတွေပေါ်မှာ ဒီမူဝါဒကို အခြေခံထားတယ်လို့ အန်ယူဂျီက ပထမဆုံးအကြိမ်ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ မူဝါဒ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေပြင်ဆင်တာ၊ ဒါမှမဟုတ် အသစ်ပြန်လုပ်တာ ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးတဲ့နောက်ပိုင်းမှာ လုပ်ဆောင်သွားမယ်လို့ ဆိုသလို ၂၀၁၇ ကိုဖီအာနန်အကြံပြုချက် ၈၈ ချက်ကလည်း ရိုဟင်ဂျာ အရေးဖြေရှင်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်သွားမယ်လို့ လည်း ဆိုပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရိုဟင်ဂျာပြည်သူတွေအပေါ် မူဝါဒနဲ့ ပတ်သက်လို့ ရိုဟင်ဂျာ လူမျိုးစု အသိုင်းအဝိုင်းကကော ဘယ်လို သဘောထားကြပါလဲ။ မြန်မာရိုဟင်ဂျာ အသင်း (UK)ရဲ့ ဥက္ကဌ ဉီးထွန်းခင်ကို ကိုရင်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။