ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောင်းပြန်ဖွင့်ရေး ခက်ခဲနေဆဲ
ရေးသားခဲ့သည်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိနေသလို ကိုဗစ်ကူးစက်မှုတွေရှိနေပါတယ်။ မနေ့က ဆိုရင် ကိုဗစ်ကူးစက်ခံရသူတစ်ရာနီးပါး စစ်ဆေးတွေ့ရှိ ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက ဇွန်လတစ်ရက်နေ့မှာ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် လုံခြုံရေးအခြေအနေတွေအပြင် စစ်ကောင်စီကို ဆန့်ကျင်လိုကြတဲ့အတွက် အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံသူ တွေကတော့ နည်းနေပါတယ်။ ဒီအခြေအနေတွေကို ကိုနန္ဒက စုစည်းပြောပြပေးမှာပါ။