ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကနီဘက်က ချင်းတွင်းမြစ်ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေတိုက်ခိုက်ခံရ
ရေးသားခဲ့သည်။
စစ်ကောင်စီတပ်တွေကို ခုခံမှုတွေလုပ်နေတဲ့ စစ်ကိုင်းတိုင်းကနီဒေသမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီ တပ်ရဲ့ စက်လှေတွေကို ပြည်သူတွေဘက်က ခုခံပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။ အလားတူ စစ်တပ်ဘက်က လည်း အဲဒီဒေသကရွာတွေအတွင်း တပ်စွဲတာ၊ ပစ်ခတ်တာ၊ ကျောင်းဖွင့်လှစ်ရေးဖိအားပေးတာ စတာတွေ ကြောင့် ရွာပေါင်း ဆယ်ဂဏန်းလောက်ရှိတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတုန်းပါ။ ဒီအခြေအနေတွေကို ကိုဟိန်းကိုစိုး ကစုစည်းပြောပြမှာပါ။