ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကယားပြည်နယ်ထဲမှာ ပြည်သူ့ ကာကွယ်ရေး တပ်တွေ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဖြစ်နေ
ရေးသားခဲ့သည်။
ကယားပြည်နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီ ကယားပြည်နယ်က အခြေအနေတွေ၊ ဒါ့အပြင် စစ်ကောင်စီကိုပြန်ခုခံထားလို့ ရွာလုံးကျွတ်တိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း ကနီ မြို့နယ်ထဲက ရွာအချို့ရယ်၊ အဲဒီရွာ တွေမှာ စစ်တပ်ကဝင်ပစ်လို့ အသက်ဆုံးရှုံးသူတွေရှိခဲ့တဲ့ သတင်းတွေကိုတော့ ကိုဟိန်းကိုစိုးကစုစည်း ပြောပြမှာပါ။