ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး ပါလက်စတိုင်း အပစ်ရပ် သဘောတူညီမှုရ
ရေးသားခဲ့သည်။
အစ္စရေးနဲ့ပါလက်စတိုင်း ဟားမက်စ် အဖွဲ့တို့အကြားအပစ်အခတ်ရပ်စဲကြောင်းကြေညာနိုင်ခဲ့တာဟာ အောင်ပွဲတစ်ခုလို့ နှစ်ဘက်စလုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
နှစ်ဘက်အကြားအပစ်ရပ်နိုင်ခဲ့တဲ့အတွက် ၁၁ရက်ကြာဖြစ်ပွားခဲ့တဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အီဂျစ်က ဉီးဆောင် ခဲ့ပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပါလက်စတိုင်း လက်နက်ကိုင်တို့အကြား သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတကာကလည်းကလည်း ဒီအပစ်အခတ်ရပ်စဲမှုကို ကြိုဆိုခဲ့ကြပါတယ်။ ကိုမင်းထက်က ပြောပြပေးမှာပါ။