ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်စုအမှု တရားလွှတ်တော်ချုပ်တောင်းယူ
ရေးသားခဲ့သည်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ နဲ့ ရန်ကုန်မှာတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူသွားခဲ့ပါတယ်။
ဒီအမှုတွဲဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ မရှိတော့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ထဲက ဒေါ်စန်းမာလာညွန့်က ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့မှာစစ်ဆေးဖို့ ရန်ကုန်က တရားရုံးမှာချိန်းဆိုထားပြီးမှ အမှုကိုတောင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ မနှင်းမိုက ပြောပြပေးမှာပါ။