မင်းတပ်မှာ တိုက်ပွဲတွေ ပြင်းထန်ဆဲ

ရေးသားခဲ့သည်။

ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဘက်က ပိုမိုအထိနာနေတယ်လို့ Chinland Defence Force ဘက်က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်နေတဲ့ မင်းတပ်မြို့မှာ ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေ၊ စစ်ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အကူအညီတောင်းခံနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပြောပါတယ်။

ပြည်သူတွေကို အပြည့်အဝ အကာအကွယ်မပေးနိုင်တဲ့အတွက် စိတ်ထိခိုက်ရတယ်လို့လည်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

ဒီကနေ့ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေအကြောင်းနဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် မအိမ့်ခိုင်ဉီးက ပြောပြပေးမှာပါ။