ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဂီတဝါသနာရှင် လူငယ်လေး
ဖေဖော်ဝါရီ၁ရက်နေ့ကစခဲ့တဲ့ စစ်အာဏာသိမ်းမှု၃လ တာ ကာလအတွင်း တသေဆုံးခဲ့သူပေါင်း၈ရာနီးပါး ရှိနေပါပြီ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ပေါင်းများစွာသော လူတွေဟာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေကြတဲ့ သပိတ်တွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပါ။ ဒီလိုသပိတ်တွေ၊ အာဏာရှင်ဆန့်ကျင်ရေးအကြောင်းတွေကို တခြားနိုင်ငံတွေက တွေ့မြင်သွားမှာကိုလည်း စစ်အာဏာပိုင်တွေက မလိုလားကြပါဘူး။ ဒါကြောင့် အင်တာနက်တွေကိုပိတ်တာ၊ သတင်းထောက်တွေကို ဖမ်းဆီးတာတွေကိုလည်းလုပ်နေတာဖြစ်ပါတယ်။
ဒီကြားထဲကမှ မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့ကြသူတွေက အဖြစ်အပျက်ပေါင်းများစွာကို မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ဒီလိုမှတ်တမ်းတွေကြားထဲက လူငယ်လေးတစ်ယောက်အကြောင်းကို ဘီဘီစီ အာရှရေးရာ အယ်ဒီတာ ရေဘက်ကာ ဟဲန့်ရှ်စကီ က တင်ဆက်ပေးထားပါတယ်။ ဒီအကြောင်းကိုမရီရီအောင်က ပြောပြပေးမှာပါ။