ဒေသကာကွယ်ရေးတပ်တွေနဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲများ

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၉၄ ရက် တိုင်လာခဲ့ပြီဖြစ်ပေမယ့် နိုင်ငံတဝန်းဆန္ဒပြပွဲတွေဟာ ပုံစံမျိုးစုံနဲ့ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။

ဒေသအချို့မှာဆိုရင် စစ်အာဏာသိမ်းဆန့်ကျင်တဲ့ သပိတ်အသွင်ကနေ လက်နက်ကိုင်ပြီး ဒေသကာကွယ်ရေးတပ်တွေဖွဲ့တဲ့ အထိဖြစ်လာတာလည်း တွေ့ရပါတယ်။

ချင်းပြည်နယ်က ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ အခြေအနေ အပါအဝင် နိုင်ငံတဝန်းသပိတ်တွေအကြောင်းမညိုလဲ့ရည်က စုစည်းပြောပြပေးမှာပါ။