စစ်တပ်ရဲ့ လေတပ် အခြေစိုက် စခန်း ၂ခု တိုက်ခိုက်ခံရ

ရေးသားခဲ့သည်။

မကွေးနဲ့ မိတ္ထီလာမှာ ရှိတဲ့ စစ်တပ်ရဲ့ လေတပ်ဝင်းတွေ ဧပြီလ ၂၉ ရက်နေ့ မနက်အစောပိုင်းက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတာတွေရှိခဲ့ပါတယ်။

နောက်ပြီး ပဲခူး၊ သာယာဝတီက တပ်စခန်းတစ်ခုက လက်နက်တိုက်မှာလည်း ပေါက်ကွဲမှု တွေရှိခဲ့သလို နိုင်ငံအဝှမ်း ရပ်ကျေးရုံးအချို့ မီးလောင်ကျွမ်းတာ၊ လက်လုပ်ဗုံးနဲ့ပစ်ခတ်ခံရတာ တွေရှိနေပါတယ်။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကို ဘယ်သူလုပ်သလဲ ဆိုတာ အခုချိန်အထိ မသိရသေးပါဘူး။ ဒီအပေါ်မှာ စစ်တပ် ဘက်က ဘယ်လို တုန့်ပြန်ခဲ့သလဲ ဆိုတဲ့ အကြောင်းတွေကိုတော့ မဝင်းစန္ဒာဦးက ပြောပြပေးမှာပါ။