ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အရေး အာဆီယံ အရေးပေါ်စည်းဝေးမယ်
ရေးသားခဲ့သည်။
လာမယ့်စနေနေ့ မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ အာဆီယံအစည်းအဝေးတစ်ရပ်ရှိပါတယ်။ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အရေးပေါ်ဆွေးနွေးပွဲ အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။ ဒီအရေးကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ပြီး ဆော်သြခဲ့တာကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းကအတည်ပြုပေးခဲ့တာပါ။ ကြားနေ၊ ဘက်မလိုက် မူဝါဒနဲ့သွားလေ့ရှိတဲ့ အာဆီယံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ အခုတစ်ခေါက်မှာဘယ်လိုရှိနိုင်ပါသလဲ။ မညိုလဲ့ရည်ပြောပြပေးမှာပါ။