CDM လုပ်တဲ့ ဆရာဝန်ကြီးတွေကို ဖမ်းဝရမ်းထုတ်

ရေးသားခဲ့သည်။

နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေတဲ့ ရည်ရွယ်ချက် နဲ့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှု မှာ ပါဝင်တဲ့ဆရာဝန် ကြီးတွေကို ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့် အရေးယူ လိုက်ပါတယ်။

ဒါက အနုပညာရှင်တွေနဲ့ ထင်ရှားကျော်ကြားသူ ရာဂဏန်းကို ၅၀၅ က ကြီးနဲ့ အမှုဖွင့်ပြီးတဲ့ နောက် ဆရာဝန်တွေကို အစုလိုက်အပြုံ လိုက် ပထမ ဦးဆုံး အကြိမ် အမှုဖွင့်တာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေက မြန်မာ့ ဆေးလောက နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပေါ် ဘယ်လို များ သက်ရောက် သွားပါသလဲ။

ကိုနန္ဒက စုစည်းပြောပြပေးမှာပါ။