ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေသလဲ
ကချင်ပြည်နယ်အတွင်း မိုးမောက်ဒေသ အလော့ဘွမ် တပ်စခန်း အပါအဝင် ရဲကင်းစခန်း အချို့ကို ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ ဘက်ကတိုက်ခိုက်သိမ်းယူခဲ့တဲ့ နောက် အခုဧပြီလ အတွင်း တပ်မတော်ဘက်က ပြန်လည်သိမ်းယူဖို့ကြိုးစားရင်း နှစ်ဖက် တိုက်ပွဲတွေဖြစ်နေပါတယ်။ အဲဒါကြောင့် အဲဒီနယ်မြေအတွင်းနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလို၊ တပ်မတော်ဘက်က လေကြောင်းက တိုက်ခိုက် တာတွေရှိတယ်လို့ ကေအိုင်အေဘက် ကပြောပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့်တိမ်းရှောင်ရသူတွေလည်းရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်းတိုက်ပွဲ အခြေအနေကြောင့် ကေအိုင်အေဘက်က စစ်မျက်နှာဖွင့်ပြီး တကြော့ပြန် ကချင်စစ်ပွဲဖြစ်လာတာလား ဆိုပြီးမေးခွန်းထုတ်ကြတာရှိပါတယ်။ တစ်ဖက်မှာ တပ်မတော်ဘက်က အပစ်ရပ်ကြေငြာထားပေမယ့် ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာ ဘာကြောင့်ပါလဲ။ ကချင်ပြည်နယ်တွင်း အခြေအနေကို ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို မညိုလဲ့ရည်က ဆက်သွယ်မေးမြန်းထားပါတယ်။