ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သင်္ကြန်ပွဲ မကျင်းပဘဲ အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်
ရေးသားခဲ့သည်။
မြန်မာပြည်သူတွေအတွက် ဒီကနေ့ဟာ နှစ်သစ်ကို ကြိုဆိုတဲ့ မဟာသင်္ကြန်အကြိုနေ့ဖြစ်ပေမယ့် ရေကစားမဏ္ဍပ်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ မကျင်းပဘဲ စစ်တပ်ရဲ့ အာဏာသိမ်းမှုဆက်လက်ဆန္ဒပြနေကြပါတယ်။
အတာအိုးသပိတ်၊ ပျော်ရွှင်ခြင်းမဲ့သင်္ကြန်၊ တော်လှန်သင်္ကြန် ဆိုပြီး နိုင်ငံအနှံ့မှာ ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေကြပေမယ့် ရခိုင်ပြည်မှာတော့ သင်္ကြန်ပွဲကျင်းပခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ ဆက်ရှိနေသလို လူသေဆုံးမှုတွေလည်း ဒီကနေ့ထိ တိုးလာနေတဲ့အကြောင်း အပြည့်အစုံကိုတော့ ကိုဟိန်းကိုစိုးက ပြောပြမှာပါ။