သဘာဝ ပတ်ဝန်းကျင်ကို ချစ်တဲ့ ဖိလစ်မင်းသားကြီး

ရေးသားခဲ့သည်။

ဖိလစ်မင်းသားကြီးဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူအဖြစ် အများပြည်သူတွေက သိထားကြပါတယ်။

သူ့ရဲ့ သဘာဝပတ်ဝန်းကျင် ချစ်ခင်မှု အမွေကို မြေးတော်တွေဖြစ်တဲ့ မင်းသား ဝီလျံနဲ့ ဟယ်ရီတို့က အမွေဆက်ခံခဲ့ကြပါတယ်။ မင်းသားကြီး ဖိလစ်ဟာ သဘာဝတောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ကြီး WWF ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

အနားမယူခင် အချိန်အထိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆော်သြလှုပ်ရှားခဲ့သူဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဖိလစ်ပါ သောမတ်စ်ရဲ့ သတင်းကို မသီဒါက ပြောပြပေးမှာပါ။