ဗြိတိသျှ ဘုရင်မကြီးရဲ့ ကြင်ရာတော် ဖိလစ် မင်းသားကြီး ကွယ်လွန်

ရေးသားခဲ့သည်။

အယ်လိဇဘက် ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ် မင်းသားကြီး ကွယ်လွန်အနိစ္စရောက် သွားပြီလို့ ဘက်ကမ်ဟမ် နန်းတော်က ဒီကနေ့ မနက် အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ကွယ်လွန်ချိန်မှာ သူ့ရဲ့ အသက်က ၉၉ နှစ် ရှိပြီဖြစ်ပါတယ်။

အယ်လိဇဘက် ဘုရင်မကြီးနဲ့ မင်းသားကြီး ဖိလစ်တို့ရဲ့ အိမ်ထောင် သက်တမ်းဟာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီး၊ ကြင်ယာတော် မင်းသားကြီးဟာ ၂၀၁၇ ခုနှစ်မှာ နန်းတော်ရဲ့ တာဝန်တွေကနေ အနားမယူခင် အထိ သူ့ရဲ့ ဘဝကို နန်းတော်ရဲ့ လုပ်ငန်းတွေမှာပဲ မြှုပ်နှံထားခဲ့ပါတယ်။

ဘက်ကမ်ဟမ် နန်းတော်က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ ဘုရင်မကြီးအနေနဲ့ ပူဆွေးဝမ်းနည်းစွာနဲ့ပဲ သူ့ရဲ့ ကြင်ရာတော်ခင်ပွန်းသည် အက်ဒင်ဘာရာမြို့စား မင်းသားကြီးဖိလစ် အနိစ္စရောက်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။

အက်ဒင်ဘာရာမြို့စားကြီး၊ မင်းသားကြီး ဖိလစ်ရဲ့ ဘဝအကြောင်းကို ပြန်ပြောင်း ကြည့်ရအောင်ပါ။ ကိုမင်းထက်က ပြောပြပေးထားပါတယ်။