ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သတင်းထောက်တချို့ အကျဉ်းထောင်အတွင်းမှာပဲ ရုံးထုတ်
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၀၅ (က) ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သတင်းထောက်တွေထဲက တချို့ကို ဧပြီလ ၆ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။
ဒီသတင်းထောက်တွေဟာ စစ်အာဏာသိမ်းမှု လူထုဆန္ဒပြပွဲတွေမှာ သတင်းရယူနေရင်း ဖမ်းဆီးခံခဲ့ရကာ ထောင် ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့ စစ်တပ်ကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (က) နဲ့ တရားစွဲဆိုခံထားရတာပါ။
စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ သတင်းထောက် ၅ဝ ကျော်ရှိပြီး အယောက် ၃၀ နီးပါးဟာ ဆက်လက်အထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။
ဒီကနေ့ သတင်းထောက်တွေရဲ့ ရုံးထုတ်မှုအခြေအနေကိုတော့ မနှင်းမိုက စုစည်းပြောပြမှာပါ။