ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းခြင်း နဲ့ ချင်းအမျိုးသား တပ်ဦး
ရေးသားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH က မနေ့တုန်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သလို၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုလည်း ထုတ်ပြန် လိုက်ပါတယ်။ ဒီပဋိညာဉ်ကနေ အစပြုပြီး ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့၊ အာဏာရှင်စနစ် ဖျက်သိမ်းရေးတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီအပေါ် အပစ်ရပ် လက်နက်ကိုင်တိုင်းရင်းသားသားအဖွဲ့တစ်ခုဖြစ်တဲ့ CNF ချင်းအမျိုးသားတပ်ဦးက ဒုတိယဥက္ကဌ ဒေါက်တာဆလိုင်းလျံမုန်းဆာခေါင်းကို ကိုရင်မောင်က မေးကြည့်ထားပါတယ်။