ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင်ဒုက္ခသည်တွေကို နှင်ထုတ်မှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် တုံ့ပြန်
ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ နယ်မြေတွေထဲကို မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေး တိမ်းရှောင်လာသူတွေကို ထိုင်းအာဏာပိုင်တွေဘက်က ပြန်လွှတ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ဒါပေမဲ့ ထိုင်းအစိုးရကတော့ ဒီသတင်းတွေကို ငြင်းဆိုလိုက်ပြီး မြန်မာပြည်သူတွေကို နှင်ထုတ်မှာ မဟုတ်ဘူး။ သူတို့ ဒုက္ခရောက်တဲ့အခါ ထိုင်းနိုင်ငံဘက်ခြမ်း ဝင်ရောက်ခိုလှုံခွင့်ကို ပိတ်မှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက အင်္ဂါနေ့မှာ တုံ့ပြန်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မညိုလဲ့ရည်က စုစည်းတင်ပြပေးမှာပါ။