ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘယ်သူမှ အပြင်မထွက် စျေးပိတ် အလုပ်ပိတ် အသံတိတ် သပိတ်
ရေးသားခဲ့သည်။
မြန်မာနိုင်ငံတဝန်းက မြို့တွေ ရွာတွေ အများစုမှာ ဒီကနေ့ ဘယ်သူမှ အပြင်မထွက်ဘဲ စျေးတွေပိတ်၊ အလုပ်ပိတ်ထားကြတဲ့ အသံတိတ် သပိတ်တွေ ပြုလုပ် ခဲ့ကြပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီက နိုင်ငံကို ပုံမှန်လည်ပတ်အောင် လုပ်နိုင်စွမ်းမရှိတာကို ပြသတဲ့ ဆန္ဒပြမှုအဖြစ် အသံတိတ်သပိတ်ပြုလုပ်နေကြတာပါ။
တချို့မြို့တွေမှာ လူတွေ ကားတွေ အသွားအလာမရှိ လုံးဝ ခြောက်ကပ် တိတ်ဆိတ်နေပေမဲ့ မန္တလေးက မြို့နယ်တချို့ရဲ့ ရပ်ကွက်တွေမှာတော့ ပုံမှန်သွားလာတာတွေ ရှိနေပါတယ်။
နိုင်ငံတဝန်းက အခြေအနေတွေကို ကိုဟိန်းကိုစိုး စုစည်း ပြောပြထားပါတယ်။