ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်စုအပေါ် စွပ်စွဲမှု ဦးဖြိုးမင်းသိန်းထွက်ဆိုချက်ဆိုပြီး စစ်ကောင်စီ ထုတ်ပြ
ရေးသားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီရွှေ ၇ ပိဿာတို့ကို သုံးခါခွဲပေးခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ဆိုတဲ့ ဗီဒီယိုဖိုင်ကို စစ်ကောင်စီဘက်က သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဘက်က အဂတိလိုက်စားမှု စွဲချက်တွေနဲ့ စွပ်စွဲလိုက်တာဟာ ဘာကိုရည်ရွယ်လုပ်ဆောင်တာပါလဲ။
ဒီအပေါ် မြန်မာ့အရေး လေ့လာသူတဦးနဲ့ ဥပဒေပညာရှင်တဦးတို့ရဲ့ ယူဆချက်တွေကို ရှုစားကြည့်ကြရအောင်ပါ။