ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပစ်ခတ်ဖြိုခွင်းမှုတွေကြားက ပေါ်ထွက်လာနေတဲ့ နိုင်ငံတဝန်းဆန္ဒပြပွဲများ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံတွင်းက ဆန္ဒပြသမားတွေကို အကြမ်းဖက် ဖြိုခွင်း ပစ်ခတ်တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာက ဖိအားပေး တောင်းဆိုနေတဲ့အချိန်မှာပဲ မတ်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကတော့ ရပ်တန့်မသွားပဲ အရုဏ်ဦး သပိတ်၊ လူမဲ့သပိတ်၊ ဆိုင်ကယ် သပိတ် စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်နေကြဆဲ ဖြစ်ပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲ အခြေအနေတွေကိုတော့ ဘီဘီစီ သတင်းထောက် ကိုဟိန်းကိုစိုးက ပြောပြပေးမှာပါ။