ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူ ၂ဝဝ နီးပါး ကျဆုံးခဲ့ပြီဖြစ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ရက်ပေါင်း ၄၄ ရက်ကြာမြင့်လာပြီဖြစ်ပေမယ့် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
အာဏာပိုင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူဦးရေ နေ့စဉ်နီးပါး ရှိနေသလို ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာလည်း နယ်မြို့တချို့မှာ ကျဆုံးခဲ့သူတွေ ရှိပါတယ်။
တနင်္ဂနွေနေ့က ထိခိုက်သေဆုံးခဲ့သူ အများအပြား ရှိခဲ့ပြီး စစ်အုပ်ချုပ်ရေးစနစ် ကြေညာထားတဲ့ လှိုင်သာယာမြို့နယ်မှာတော့ အလုပ်သမားအများအပြား နေရပ်ပြန်နေကြပြီ ဖြစ်ပါတယ်။
မတ်လ ၁၆ ရက်နေ့ နိုင်ငံတဝန်း ဆန္ဒပြမှု အခြေအနေကိုတော့ ဘီဘီစီ သတင်းထောက် ကိုဟိန်းကိုစိုးက စုစည်းပြောပြပေးမှာပါ။